AI ဆိုတာ အရင်လို Chatbot သက်သက်မဟုတ်တော့ဘဲ Developer တစ်ယောက်ရဲ့ Workflow ထဲမှာ ခွဲမရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ အထူးသဖြင့် ၂၀၂၆ မှာ ကျွန်တော်တို့ သတိထားမိလာတဲ့ Trend တွေကို ပြန်ကြည့်ရအောင်။
1. AI-Driven Development (AIDD)#
အရင်က Copilot က စာကြောင်းလေးတွေပဲ ကူရေးပေးတာဆိုရင် အခု ၂၀၂၆ မှာတော့ Agentic Workflow တွေက ခေတ်စားလာပါတယ်။ ကျနော်တို့က Feature တစ်ခုရဲ့ Requirement ကို ပြောပြလိုက်ရုံနဲ့ AI Agent က Architecture ဆောက်တာကအစ၊ Unit Test ရေးတာအထိ တစ်ခါတည်း လုပ်ပေးနိုင်လာပါတယ်။
2. Multi-modal Models in Mobile Apps#
Android Developer တစ်ယောက်အနေနဲ့ AI ကို App ထဲမှာ တိုက်ရိုက် (On-device AI) သုံးတာ ပိုများလာတာ တွေ့ရပါတယ်။ အထူးသဖြင့် Gemini Nano လိုမျိုး Model တွေကို သုံးပြီး Internet မလိုဘဲ User ရဲ့ Data တွေကို ကာကွယ်ရင်းနဲ့ AI features တွေ ထည့်သွင်းလာကြပါတယ်။
3. The Rise of No-Code for Simple Logic#
ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေအတွက် AI က Code ရေးစရာမလိုဘဲ တည်ဆောက်ပေးနိုင်လာတဲ့အတွက် Developer တွေက ပိုပြီး ခက်ခဲနက်နဲတဲ့ Problem Solving ပိုင်းကိုပဲ ပိုအာရုံစိုက်လာရပါတယ်။
“AI won’t replace programmers, but programmers who use AI will replace those who don’t.”
နိဂုံးချုပ် ဒီပြောင်းလဲမှုတွေကြားမှာ ကျွန်တော်တို့ Developer တွေအနေနဲ့ Tools အသစ်တွေကို လေ့လာနေဖို့က အမြဲတမ်း အရေးကြီးဆုံးပါပဲ။
